Sunday, April 30, 2017

Cyberlink power Director 15 full


video Eidit ပြုလုပ်ရာမှာ အရမ်းကောင်းတယ်ဆိုတာလူတိုင်းနီးပါမှာပါ
Cyberlink power Director 15 full
အသုံးပြုချင်ရင် အောက်မှာဒေါင်းယူပါ။

       download

http://bluenik.com/fJ5

Saturday, April 29, 2017

Windows KMS Activator Ultimate 2017 v3.3



Windows KMS Activator Ultimate 2017 v3.3
________xxxxx_______________________
Activator ဆိုတဲ့အတိုင်း ဘာတွေ active လုပ်နိုင်လဲဆိုတာတော့အောက်မှာကြည့်ပါ...လိုချင်ရင်တော့..

Activate permanent:
Windows 10 all versions
Windows Server Technical Preview Build 9841 all
Windows Vista Any Version
Windows 7 Any Version
Windows 8 /8.1 Any Version
Windows Server 2008/2008R2
Windows Server 2012/2012R2
Microsoft Office 2016 Any Version
Microsoft Office 2010 Any Version
Microsoft Office 2013 Any Version
Microsoft Office 365

   download

Paypal အသုံးပြုနည်း စာအုပ်




Add caption



Paypal အသုံးပြုနည်း စာအုပ်
စာမျက်နှာ ၇၅ မျက်နှာပါပါတယ်
MB 3.1လေကိုသင်းပေးလိုက်ပါတယ်
အဆင်းပြေသလိုကြည့်ပြီးလုပ်ကြည့်ပါ
သင့်ဆရာမြင့်ဆရာအမြဲလေစာလျှက်
အာလုံးအင်းပေကြလိုပ်မယ်လိုမျှော်လင်းပါတယ်
ကျေးဇူတင်ပါသည်.............

      DOWNLOAD

http://tinyium.com/102e

ဝင်းဒိုးတင်နည်းနှင့်အသုံးပြုနည်း

၁။ဝင်းဒိုး 7 တင်နည်း - ကိုဒီမွန်း 

http://tinyium.com/100I

၂။ဝင်းဒိုး 7 တင်နည်း - ဇူးနစ် 

http://tinyium.com/100L

၃။ဝင်းဒိုး 8 တင်နည်း - ဇူးနစ်

http://tinyium.com/100S

၎။ဝင်းဒိုး 10 တင်နည်း - ဇူးနစ် 

http://tinyium.com/100c

၅။ဝင်းဒိုး 10 အသုံးပြုနည်း

http://tinyium.com/100k


အာလုံးအဆင်းပြေပါစေး

Thursday, April 20, 2017

LAVA ALL FIRMAWARE THAILAND

TWZ Y60 FIRMWARE PAC


TWZ Y60 SPD Firmwareလေးပါ လိုအပ်သူများ လာဝယ်နိုင်ပါသည်

PHONE THI....0626461945
PHONE MYM....09770916509
ဖုန်းဆက်ဖို့ အဆင်မပြေပါကဒီ(FACEBOOK)ဆက်သွယ်နိုင်ပါသည်

Tuesday, April 18, 2017

LAVA ALL FIRMAWRE THAILAND

353
354
360
405
405+
456
500
505
510
512
515
550
560
600
700
702
708
750
755
800
810
820
870
A1
A2
Star
Grand
W1
W3

Download Here.....(Download)

https://drive.google.com/drive/folders/0BxZ9swWLESrrbmtqNWtEMHFTMms

PASSWARD ( kochit  )ကို ဒီ(FACEBOOK)မှာလာတောင်းနိုင်ပါတယ် FREEပါ

Thursday, April 6, 2017

Windows ထဲမှာပါတဲ့ Disk Cleanup ဖြင့် အမှိုက်များရှင်းနည်း


 ကွန်ပျူတာတလုံးကို သန့်ရှင်းရေးလုပ်တဲ့ အခါမှာ ဒီ Disk Cleanup Tool လေးကိုလည်း မသုံးလို့ မဖြစ်ပါဘူး..။ ဒီကောင်လေးက စက်ထဲမှာရှိတဲ့ အမှိုက်တွေနဲ့ ဖရီးစပေ့(Free Space)တွေကို ရှင်းလင်းပေးတဲ့ နေရာမှာ ထိရောက်လှပါတယ်..။ အသုံးပြုနည်းကလည်း သိပ်မခက်ပါဘူ..။ ဒီ Tool လေးကို အရင်ဆုံး မိမိတို့ရဲ့ Desktop မှာ ရှော့ကပ်ပုံလေးအရင်ပေါ်အောင် လုပ်လိုက်ပါ..။ တခါဖွင့်ရုံနဲ့ မပြီးပါဘူး..။ နောက်တခါထပ်ဖွင့်ရမှာ မို့ပါ..။ ပုံမှာပြထားပါတယ်..။
Desktop မှာရောက်လာပြီဆိုရင် Disk Cleanup ပုံလေးကို နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ ဘောက်စ်ထဲတွင် အမှန်ခြစ်များကို တန်ဖိုးဂဏန်းရှိတဲ့ နေရာတွေမှာ တပ်ပေးပါ..။ သုည ပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ဖို့ မလိုပါဘူး..။ အသုံးပြုနည်းလေးကို အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
ဘယ် Tool ကိုပဲဖြစ်ဖြစ် Desktop မှာထုတ်ချင်ရင် ဒီအောက်ကပုံအတိုင်းပဲ ထုတ်ပါတယ်..။ နံပါတ်စဉ်တိုင်း လိုက်လုပ်ပေးပါ..။








တကယ်လို့ အပေါ်ပုံမှာလို 3.00 MB စာသားမျိုးပါလာခဲ့ရင် OK နှိပ်ပြီး ထပ်ဖျက်ပေးလိုက်ပါ..။ အောက်ကလိုမျိုး ဘောက်စ်ပေါ်လာရင်တော့ Delete Files ကိုကလစ်လိုက်ပါ..။


အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

Wednesday, April 5, 2017

အခွေကူးနည်း

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်


3 Oct 12, 06:15 PM
ဇော်ဖော်:
 အကိုရေ လာလည်သွားတယ်နော် ဟဲဟဲ........ နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေးတစ်ခုနဲ ခွေကူးပုံးလေး တင်ပြပေးပါအုံးအကိုေ
13 Oct 12, 10:52 PM
ဇော်ဖော်:
 အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူးပုံကူးနည်းလေးတွေ ဖော်ပြပေးပါအုးံးနော် မလုပ်တတ်လို့ပါဗျာ ကူးညီပါအုံး
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လိုဆို ပေးတဲ့လူအတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. ဒါကြောင့် ကျနော်တခုခုတင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေးချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..
အခုဒီပိုစ့်လေးကို ကျနော့်သူငယ်ချင်း တော်တော်များ ကလည်း မသိသေး ၊ မလုပ်တတ်သေးလို့ ဒီအခွေကူးနည်း လေးကို တင်ပေးလိုက်ပါတယ်.. ကျနော့် Blog မှာတင်ပေးထားပြီးသား ရှိတဲ့ Ashampoo Burning Studio 11 နဲ့ Nero 8 Essential ဆော့ဝဲလ်တွေကို အသုံးပြုပြီး လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီ Burning Tool တွေကို ဒေါင်းယူလိုက်ပါဗျာ..

ဒီပိုစ့်မှာ Mp3 သီိချင်းတွေကို CD နဲ့ ခွေကူးပြထားပါတယ်.. Slide Show တွေ၊ မိသားစု ရိုက်ထားတဲ့ Video တွေကို DVD ခွေနဲ့ကူးရင်လည်း ဒီနည်း အတိုင်းပါပဲ.. လုပ်နည်းက အတူတူပါပဲ.. ဝင်ရမယ့်နေရာ နည်းနည်းရွေးပေးဖို့ပဲ လိုတာပါ.. 
အရင်ဆုံး ကျနော် Ashampoo Burning Studio 11 နဲ့ အရင်လုပ်ပြထားပါတယ်.. အဲ့တော့ အောက်က ပထမပုံကတော့ Video တို့၊ Slide Show တို့ကို DVD နဲ့ ကူးမယ်ဆိုရင် A, B အတိုင်း နှိပ်ပြီး လုပ်ပေးယုံပါပဲ.. C နေရာကတော့ VCD ခွေကူးဖို့ပါ..။ ခွေကူးနည်းကတော့ အောက် ဒုတိယပုံနောက်ပိုင်း လုပ်ပြထားတဲ့ ပုံတွေနဲ့ သိပ်မကွာပါဘူး.. ကျနော့်ဆီမှာ MP3 သီချင်းတွေပဲ ရှိတဲ့ အတွက် အောက်ဒုတိယပုံ ကနေစပြီး ဆက်ကြည့်ပေးပါ.. နောက်ပြီး Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီးတပုဒ် လာအောင် ဖွင့်နည်းလေးပါ သူငယ်ချင်းတယောက် တောင်းထားလို့ ဒီပိုစ့်မှာ တခါတည်း လုပ်ပြထားပါတယ်..


MP3 သိချင်းတွေကို CD ခွေနဲ့ကူးဖို့ အောက်ကပုံအတိုင်း 1, 2 အတိုင်း နှိပ်ပြီး လုပ်ပါတယ်..




ပေါ်လာတဲ့ ပုံတွေအတိုင်း (အပေါ်ပုံတွေလို) အဆင့်ဆင့် နှိပ်ပေးလိုက်ပါ..။ အောက်ကပုံ အဆင့်ကို ရောက်ပြီဆိုရင် ပေါ်လာတဲ့ ဘောက်စ်ထဲမှာ မိမိတို့ ခွေကူးချင်တဲ့ သီချင်း ( Video တို့၊ Slide Show တို့) တွေကို မျှားပြထားတဲ့ အတိုင်း မိမိတို့ သိမ်းထားတဲ့ ဖိုဒါထဲမှာ သွားရှာပေးပါ.. အောက်ကပုံမှာတော့ ကျနော် ခွေကူးမယ့် MP3 သိချင်းတွေကို ရှာပြထားပါတယ်.. တွေ့ပြီဆိုရင် တခုထဲဆိုရင် တချက်ကလစ်ရင် ရပါပြီ.. သီချင်းတွေ အများကြီးဆိုရင်တော့ ကီးဘုတ်က ရှော့ကပ်ကီး Ctrl+A နဲ့ All Select ပေးလိုက်ပါ.. ပုံမှာပြထားသလို အပြာရောင်လေးတွေ ဖြစ်သွားရင် မျှားပြထားတဲ့ အတိုင်း အောက်ဆုံးက Add ကို ကလစ်ပေးလိုက်ပါ..


အောက်ကပုံ အတိုင်း ဆက်ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..



အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ ခွေကူးလို့ ရပါပြီ.. MP3 သီချင်းတွေကို CD နဲ့ ကူးလို့ ရမရ၊ အပေါ်ပုံ အောက်နားက လေးထောင့်ကွက်သေးလေးထဲမှာ 198.5 MB လို့ ပြထားပါတယ်.. CD တချပ်မှာ 700 MB ရှိတဲ့ အတွက် ဒီသီချင်းတွေကို CD နဲ့ကူးယူလို့ ရပါတယ်..။ တကယ်လို့ မိမိခွေကူးမယ့် သီချင်း (သို့) Slide Show က 700 MB ကျော်နေရင်တော့ CD သုံးလို့ မရပါဘူး.. DVD နဲ့ပဲ ခွေကူးလို့ ရမှာ.. Video ဖိုင်တွေ ဆိုရင်တော့ VOB / AVI ဖေါ်မတ်ပြောင်းပြီး DVD ခွေနဲ့ကူးပါ.. ဖေါ်မတ်ပြောင်းဖို့ ဆိုရင်တော့ Format Factory ဆော့ဝဲလ်လေးက အသုံးဝင်ပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီဆော့ဝဲလ်တင်ပေးထားတဲ့ ပိုစ့်မှာ သွားပြန်ယူနိုင်ပါတယ်.. အသုံးပြုပုံလေးပါ ပြပေးထားပါတယ်.. အပေါ်ပုံမှာ အခွေကူးတော့မှာ ဖြစ်တဲ့ အတွက် မျှားအနီပြထားတဲ့ အောက်ဆုံးက Next ကိုနှိပ်ပါတယ်.. အောက်ကပုံ အတိုင်းပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..


ဒီအောက်ကပုံ အတိုင်းပေါ်လာရင် အခွေမထည့်ရသေးတာ ဖြစ်တဲ့ အတွက် မျှားပြထားတဲ့ အတိုင်း Open Tray ကို နှိပ်ပါ.. အဲ့ဒီနေရာကို နှိပ်လိုက်တာနဲ့ မိမိတို့ရဲ့ DVD ROM ကထွက်ကျလာပါလိမ့်မယ်.. အဲ့ဒါဆိုရင် ခွေအသစ်ထည့်ပေးပြီး ပြန်ပိတ်ပေးလိုက်ပါ.. အခွေကူးတဲ့ အခါမှာ အနာအစာ မရှိတဲ့ အခွေသစ်ပဲ ဖြစ်ရပါမယ်..


အခွေထည့်ပေးပြီးလို့ရှိရင်တော့ ဒီကောင်လေးက အခွေကို စစ်ပါလိမ့်မယ်.. Burn လို့ရတဲ့ ခွေ ဖြစ်မဖြစ်..။ Burn လို့ရတယ်ဆိုရင် အောက်ကပုံလိုမျိုး အမှန်ခြစ်လေး ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆိုရင် အောက်ဆုံးက Write (Write CD) ကို နှိပ်ပေးလိုက်ပါ..။


အောက်ကပုံတွေအတိုင်း အခွေ Burn ဖို့ ပြင်ဆင်ပြီး၊ အဆင့်ဆင့် ခွေကူးပါလိမ့်မယ်.. ဘာမှ လုပ်ပေးဖို့ မလိုတော့ပါဘူး.. ထိုင်ကြည့်နေယုံပါပဲ..




အခွေကူးလို့ ပြီးသွားရင်တော့ သူ့ဖာသာ အခွေထုတ်ပေးပါလိမ့်မယ်.. ကူးပြီးသား အခွေကို ယူပြီး ပြန်ပိတ်ပေးလိုက်ပါ..။ အောက်ကပေါ်လာတဲ့ ဘောက်စ်လေးမှာ OK ပေးလိုက်ပါ..



အခွေကူးစရာ မရှိတော့ဘူး ဆိုရင်တော့ အပေါ်ပုံအတိုင်း Exit နဲ့ ထွက်လို့ ရပါပြီ.. ဒါဆိုရင် အခွေကူးနည်း ပြီးသွားပါပြီ.. Nero8 နဲ့ခွေကူးချင်တဲ့သူများကတော့ အောက်ဆုံးပုံတွေမှာ ဆက်ကြည့်ပေးပါ.. ဒီအောက်ကပုံကတော့ အခုကူးလိုက်တဲ့ ခွေကို ပြန်ထည့်ပြီး သီချင်း ဖွင့်ကြည့်တာပါ.. MP3/CD/DVD Player တွေနဲ့ ဖွင့်လို့ ရသွားပါပြီ.. ဒီပိုစ့်မှာတော့ တခါတည်း Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် ဘယ်လိုဖွင့်ရမလဲဆိုတာ မသိသေးတဲ့ သူများအတွက် ဆက်ပြပေးထားပါတယ်.. မသိသေးတဲ့ သူများ ဆက်ကြည့်ပေးပါ..


ကျနော်တို့ CD ထဲက သီချင်းတွေပဲ ဖြစ်ဖြစ်၊ ဖိုဒါထဲမှာ သိမ်းထားတဲ့ သီချင်းတွေပဲ ဖြစ်ဖြစ်၊ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် အောက်ကပုံလေးအတိုင်း ဖွင့်လိုက်ရင် သီချင်းတွေ ဖိုဒါထဲ ၊ CD ထဲမှာ ရှိသလောက် ဆက်တိုက်လာနေပါလိမ့်မယ်..
အဲ့တော့ သီချင်းရှိတဲ့ ဖိုဒါကို အရင်ဖွင့်ပါ.. ဒီမှာတော့ အခု ခွေကူးလိုက်တဲ့ CD နဲ့ လုပ်ပြထားပါတယ်.. လုပ်နည်းအတူတူပါပဲ.. မိမိတို့သီချင်းတွေ ပေါ်လာပြီဆိုရင် အောက်ကပုံအတိုင်း သီချင်းအားလုံးကို ကီးဘုတ်က Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ.. ပြီးရင် အဲ့ဒီပေါ်မှာ Right Click ထောက်ပြီး ပုံမှာပြထားတဲ့ အတိုင်း Add to Windows Media Player List ကို ကလစ်ပေးလိုက်ရင် သီချင်းတွေ တပုဒ်ပြီး တပုဒ် ပြီးတဲ့ အထိ လာနေပါလိမ့်မယ်..


အောက်ကပုံအတိုင်း သီချင်းတွေ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာနေပါပြီ..


 -----------------                 -------------------------------                     ---------------------


ဒီအောက်မှာတော့ Nero8 Essentials နဲ့ အခွေကူးပြထားပါတယ်.. အပေါ်ပုံတွေနဲ့ လုပ်နည်းအတူတူပါပဲ.. အဝင်မှာ နည်းနည်း မတူတာလေးပါပဲ.. ကျန်တာအားလုံး အတူတူပါပဲ.. MP3 ဆိုရင် အောက်ကပုံအတိုင်း သွားရင်လည်း ရပါတယ်.. ဒုတိယပုံနဲ့ ပိုလွယ်တဲ့ အတွက် ဒုတိယပုံနဲ့ လုပ်ပြထားပါတယ်..


ဒီအောက်ကပုံအတိုင်း Data Burning ကိုနှိပ်ပါ..



အပေါ်ပုံအတိုင်း Add ကနေ နှိပ်ပြီး အောက်ကပုံအတိုင်း မိမိတို့သိမ်းထားတဲ့ MP3 သီချင်းတွေကို  ယူပါတယ်.. တွေပြီဆိုရင် Ctrl+A နဲ့ အောစလက်ပေးပြီး ပုံရဲ့အောက်ဆုံးက Open ကို ကလစ်ပါ..


အောက်ကပုံအတိုင်း သီချင်းတွေ ရောက်သွားပြီဆိုရင် Name မှာ မိမိတို့ ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်..


CD နဲ့ ရမရ သိရအောင် လိုအပ်တဲ့ ဖိုင်ဆိုဒ်ကို ကြည့်ပြီး Burn ကို နှိပ်ပါ.. အဲ့ဒါဆို DVD ROM ထွက်ကျလာရင် အခွေသစ်ထည့်ပေးလိုက်ပါ.. အပေါ်ဆုံးပုံတွေ အတိုင်း သူ့ဖါသာ အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် အခွေထုတ်ပေးရင် ယူပြီး ပြန်ပိတ်ပေးလိုက်ပါ.. နောက်ပိုင်း အဆင့်တွေမှာတော့ Burning Tool တွေက အတူတူပါပဲ..
အောက်ကပုံကတော့ Nero8 နဲ့ Photo Slide Show လုပ်လို့ ရတဲ့ နေရာလေးပါ ပြပေးလိုက်ပါတယ်..


ဒီလောက်ဆိုရင်တော့ အခွေမကူးတတ်သေးတဲ့ သူများ အခွေကူးတတ်လောက်ပါပြီ..

convert x dvd

ဗွီဒီယိုရိုက်ထားတဲ့ဟာကို တည်းဖြတ်ပြီးရင် တီဗွီမှာကြည့်လို့ရအောင် ခွေ နဲ့ dvd burn တဲ့ ဆော့်ဝဲလ်လည်းပါ မေးထားတဲ့နည်းပညာညီလေးတို့ရေ အစ်ကိုကတို...